ဗမာစကားမတတ်ကြသည့် ရှားတောတွင် ဦးအောင်မင်း စကားပြန်ခန့်ပြီး မဲဆွယ်စည်းရုံးရ


ဦးအောင်မင်းရှားတောခရီးစဉ်တွင် မြင်တွေ့ရစဉ်
 ဗမာစကားမတတ်သည့် ကယားပြည်နယ်ရှားတောမြို့နယ်ဘက် ဒေသခံပြည်သူများကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မဲဆွယ်စည်းရုံးရေးအတွက် ကယားဘာသာစကားပြန်တစ်ဦးနှင့် နောက်လိုက် ကယားလူငယ် ၅ ဦးခန့်အပ်ထားလျက်ရှိသည်ဟု ရှားတောမြို့မှ ကယားအမျိုးသားလူငယ်တစ်ဦးဖြစ်သည့် ခူးဗျားရယ်က ပြောပါသည်။

၎င်းက “လူတစ်ယောက်ကိုသူခန့်ထားတယ်။ သူ့လစာက နှစ်သိန်းရတယ်လို့ပြောတယ်။ ကျန်တာလဲ မုန့်ဖိုးတွေဘာတွေ ထပ်ရမယ်ဆိုရင် သုံးသိန်းလေးသိန်းမကဘူး ထပ်ရတာပေါ့။ တခြားလူတွေလည်း အတည်တော့မရှိဘူး။ သူ့သားကနေတဆင့်မုန့်ဖိုးတွေပေးတာ။” ဟု ပြောသည်။

ရှားတောမြို့ပေါ်တွင် ဦးအောင်မင်း၏ အိမ်တစ်လုံးငှားထားပြီး ၎င်းနောက်လိုက် ကယားလူငယ်များကို ထားရှိကာ မကြာခဏဆိုသလို လာရောက်ကာ မုန့်ဖိုး နှစ်သောင်းသို့မဟုတ် သုံးသောင်း ပေးသွားသည်ဟု သိရသည်။ ကယားဘာသာစကားပြန်ကို တစ်လလျှင် လစာအဖြင့် နှစ်သိန်းဟု ပြောဆိုထားပြီး မဲဆွယ်ခရီးစဉ်များတွင် ပုံမှန် ငွေများပေးလျက်ရှိသည်ဟု ဒေသခံများထံမှ ကြားသိရသည်။

လက်ရှိ တက္ကသိုလ်ကျောင်းတွင် ပညာသင်ကြားနေသည့် ရှားတောမြို့နယ် ဒေသခံ အမျိုးသားလူငယ်တစ်ဦးက “ ကယားစကားမတတ်ဘဲနဲ့ ဒီပြည်နယ်ရဲ့အကျိုးဘယ်လိုဆောင်ရွက်မလဲ။ ဒေသခံတွေအတွက် ဘာလုပ်ပေးနိုင်မလဲ မပြောနဲ့ သူဒေသခံတွေနဲ့ ဘယ်လိုစကားပြောမလဲ။ ကိုယ်စားလှယ်လောင်းနဲ့ မဲဆန္ဒရှင်အကြားမှာ ပွဲစားမလိုဘူး။ လွှတ်တော်မှာ အမတ်နေရာရဖို့ ကယားပြည်နယ်မှာ ပြိုင်မဲ့ ဦးအောင်မင်းရဲ့ မဲဆန္ဒရှင်တွေအပေါ် ဖမ်းစားနိုင်မဲ့ ပေါလစီကဘာလဲ။” ဟု ပြောသည်။

ကယားပြည်နယ် ရှားတောမြို့နယ်အတွင်းတွင် ကယားလူမျိုးအများဆုံးနေထိုင်ကြပြီး ဗမာစကားပြောတတ်သူ မြို့ပေါ်ရောက် လူငယ်အနည်းငယ်မျှသာရှိသည်။ ဦးအောင်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ရှားတောတစ်မြို့နယ်လုံးတွင် မဲဆန္ဒပေးနိုင်သူ လေးထောင်ခန့်သာရှိပြီး မဲဆန္ဒနယ် အမှတ် (၇)သည် ပျှမ်းမျှ ၂ ထောင်ခန့်သာ ရှိနိုင်မည်။

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment