ဦးအောင်မင်း ရှားတောတွင်ဆန်အိတ်များဖြင့် မဲဆွယ်စည်းရုံး


 ဦးအောင်မင်းသည် ရှာတောမြို့နယ်ထဲတွင် ကျေးရွာရှိအိမ်တိုင်းကို ဆန်အိတ်များ လိုက်လံဝေမျှပေးနေသည့်အပြင် ကျောင်းတက်နေသော ကလေးငယ်များအတွက် မိုးကာအင်္ကျီများကိုလည်း လာရောက်ပေးသွားကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့မှ ကိုယ်စားလှယ်များ ရှားတောသို့ စည်းရုံးရေးဆင်းသည့်အချိန်တွင် ဦးအောင်မင်းကို မဲဆွယ်ခဲ့သည့် ပစ္စည်းထောက်ပံ့မှုများကို မြင်တွေ့ကြရကြောင်းကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့မှ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါ်ဆိုဖာနီးယာက ပြောသည်။

၎င်းက “ ရှားတောကို စည်းရုံးရေးဆင်းတဲ့ အချိန်ကျတော့ ဦးအောင်မင်းက ရွာသားတွေကို ဆန်အိတ်တွေဝေပေးနေတာ တွေ့တယ်ပေါ့နော ”ဟု ပြောသည်။

နောက်ပိုင်းတွင် SKY NET နှင့် ဆိုလာပြား တရွာတခုစီ နှင့် အိမ်ထောင်စု လူဦးရေပေါ်မူတည်၍ ဆန်အိတ်များ လာရောက်ပေးဦးမည်ဟု ၁၁ရက်နေ့တွင် ရှားတောတွင်လာရောက်ပြောဆိုသွားသည်။
ရှားတောမှ ဒေသခံများက ဒေါတနောကျေးရွာမှ သေးလဲရွာအထိ ဦးအောင်မင်းကို လမ်းဖောက်ပေးဖို့တောင်းဆိုထားသည်ဟု ဆိုသည်။ လမ်းများဖောက်လုပ်ဖို့ ဦးအောင်မင်းမှ ဘတ်ဂျက်များထုတ်ပေးမည်ဟုလည်း သိရသည်။

ရှားတောမြို့နယ် ဒေါတနောကျေးရွာမှ ဦးအောင်မင်းကို ခန်းမဆောင်ဆောက်လုပ်ရန် တောင်းထားကြကြောင်း သိရသည်။ ဘတ်ဂျက်ချပေးမည်ဟု ဦးအောင်မင်းပြန်ဖြေကြားသည့်အတွက် ယခုတွင် ခန်းမဆောင်ဆောက်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေးအပိုင်းမှ ကော်မတီများက စီမံကိန်းများဆွဲနေကြပြီ ဖြစ်ကြောင်း သိရပါသည်။

ကယားပြည်နယ် ရှားတောမြို့နယ်အတွင်းတွင် ကယားလူမျိုးအများဆုံးနေထိုင်ကြပြီး ဗမာစကားပြောတတ်သူ မြို့ပေါ်ရောက် လူငယ်အနည်းငယ်မျှသာရှိသည်။ ဦးအောင်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ရှားတောတစ်မြို့နယ်လုံးတွင် မဲဆန္ဒပေးနိုင်သူ လေးထောင်ခန့်သာရှိပြီး မဲဆန္ဒနယ် အမှတ် (၇)သည် ပျှမ်းမျှ ၂ ထောင်ခန့်သာ ရှိနိုင်မည်။
ရွေးကောက်ပွဲကာလအတွင်း တပ်မတော်မှ ကယားပြည်နယ်တွင်း မဲရုံ ၃၂ ရုံလုံခြုံရေးထားရှိမည်ဖြစ်ရာ ရှားတောမြို့နယ်အတွင်း တပ်မတော်မှ မဲရုံ (၃)ရုံလုံခြုံရေးယူမည်ဟု ကော်မရှင်ထံမှ သိရသည်။

ရှားတောမြို့နယ်တွင် တပ်မ ၅၅ လက်အောက်ခံ ၂ ရင်းနှင့် ဒကစ လက်အောက်ခံ ၁ ရင်း ၊ နယ်ခြားစောင့်တပ် ၁ ခွဲရှိသည်။

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment