ပန်းဥယျာဉ်အတွင်း လေယာဉ်ငယ်ပျက်ကျရာ လူနှစ်ဦး သေဆုံး

Plane slams into mobile home, killing pilot, sleeping woman
နယူးယောက် ၊ ၁၅-၁၀-၂၀၁၅

ယမန်နေ့တွင် အမေရိကန် ပြည်ထောင်စု ၊ ဖလော်ရီဒါ ပြည်နယ်ရှိ Mar-Mak ဥယျာဉ်အတွင်းသို့ Piper Cherokee လေယာဉ်ငယ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ် မောင်းသူနှင့်အတူ မြေပြင်ပေါ်ရှိ လူတစ်ဦးလည်း  သေဆုံးခဲ့ပြီး လေယာဉ် ပျက်ကျရာမှ အနည်းဆုံး နေအိမ်နှစ်လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ဖလော်ရီဒါပြည်နယ် အအတွင်း လန်တာနာနှင့် အော်လန်ဒို အသွားအပြန် ခရီး၏ အပြန်ခရီးကို ပျံသန်းနေစဉ် လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်မှူး တစ်ဦးတည်း ရှိနေခဲ့ကြောင်း၊ လန်တာနာ လေဆိပ်နှင့် သုံးမိုင်ခန့် အကွာတွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ လေယာဉ်မှူး ကလဲ အရေးပေါ် သတင်းပေးပို့ တာမျိုး မရှိပါဘူး။ ညနေ ၅ နာရီလောက်မှာ ပျက်ကျခဲ့တာ ဖြစ်ပြီး လူနေအိမ် တစ်လုံးပေါ်ကို တိုက်ရိုက် ပျက်ကျခဲ့တော့ အိမ်ထဲက လူတစ်ယောက်လဲ သေဆုံးခဲ့ပါတယ် '' ဟု အရပ်ဘက် လေကြောင်း ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

လေယာဉ်ပျက်ကျ ခဲ့သော ပန်းဥယျာဉ်သည် နောက်တွဲပါ ကားအိမ်များ ရပ်တန့် နားခိုရာ ဥယျာဉ်ဖြစ်ပြီး ထိုစဉ်က အိပ်ခန်းအတွင်း အိပ်ပျော် နေခဲ့သော အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment