ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး


ကျောက်တံခါး ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးအပိုင် ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၁ဝ၄/၃)၌ ဖေဖော်ဝါရီ ၁၃ ရက်ည ၇ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်မှနေပြည်တော်သို့ ယာဉ်မောင်းဦးအောင်ကျော်ဇံ မောင်းနှင်သော ယာဉ်အမှတ်6F/---- TOYOTA CROWN အဖြူရောင် ယာဉ်မှ လမ်း၏အရှေ့ဘက်မှ အနောက်ဘက်သို့ လော်ဂျာအမျိုးအစား အနက်ရောင်(၁၁ဝ)(နံပါတ်မပါ)ဆိုင်ကယ်အား မောင်းနှင်သူ ဇော်ဦးနှင့် တစ်ရွာတည်းနေ ဦးပုကွေးကိုတင်ဆောင်၍ လမ်းဖြတ်ကူးစဉ် တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူဇော်ဦးတွင် ဒဏ်ရာများရရှိ ပြီး ဆိုင်ကယ်နောက်တွင် စီးနှင်းလိုက်ပါလာသူ ဦးပုကွေးမှာ ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားသဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မျိုးဦး(ကျောက်တံခါး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment