အင်းစိန်စော်ဘွားကြီးကုန်း သဇင်လမ်းတွင် မီးလောင်မှုကြောင့် အိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့


ရန်ကုန် ဖေဖော်ဝါရီ ၁၄

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း၊ ထန်းပင်ကုန်းရပ်ကွက်ရှိ သဇင်လမ်း တွင် ယနေ့ ည ၈ နာရီ ၄၃ မိနစ်က လျှပ်စစ်ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ သဇင်လမ်းရှိ ဦးထွန်း ထွန်းကျော်၏ နေအိမ်ရှိ သွယ်တန်း ထားသော ဟောင်းနွမ်းနေသည့်လျှပ်စစ် ဝါယာကြိုးများ အပူလွန်ကဲ၍ မီးလောင်ရာမှ မီးကြိုးပြတ်ကျကာ အောက်တွင်ရှိသော ဒန်းလော့မွေ့ရာ ပေါ်သို့မီးကူးဆက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မီးလောင်မှုကြောင့် RC တိုက်တစ် လုံး၊ သွပ်မိုးပျဉ်ကာပျဉ်ခင်း အိမ်နှစ် လုံး၊ ဓနိမိုးထရံကာဝါးခင်း အိမ် သုံးလုံးမီးလောင် ကျွမ်းခဲ့သည်။

မီးလောင်မှုဖြစ်ရာသို့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရဦးစီးသော အုပ်ချုပ်မှု ယာဉ်ခြောက်စီး၊ မီးသတ်ယာဉ် ၂၅ စီး၊ အထောက်အကူပြုယာဉ် ကိုးစီး၊ မိတ်ဖက်ယာဉ် နှစ်စီးနှင့်အတူ သန္ဓေမီးသတ် ၁၉၆ ဦး၊ အရန် မီးသတ် ၈၇ ဦး၊ ကြက်ခြေနီ ၅ဝ နှင့် ရပ်ကွက်ပြည်သူအင်အားဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ ည ၉ နာရီတွင် မီးညွန့် ကျိုးသွားပြီး ၉ နာရီ ၁ဝမိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးထွန်း ထွန်းကျော်အား အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

သတင်း -သန်းထိုက်(လှိုင်သာယာ)
ဓာတ်ပုံ-မြင့်ဦး(အင်းစိန်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment