အဖမ်းခံရသူ ၂၇ ဦး ပြန်လွှတ်ပေး ဖို့ အလုပ်သမားအဖွဲ့များ တောင်း ဆို

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်က အလုပ် သမားတွေ မတ်လ ၄ ရက်နေ့က ဒညင်းကုန်းလမ်းဆုံမှာ ထိုင်သပိတ် ဆန္ဒပြစဉ်။ Photo: Aung Ko Ko/ RFA
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ဒညင်းကုန်းလမ်းဆုံ အနီးမှာ ထိုင်သပိတ်နဲ့ဆန္ဒပြတာကြောင့် ဖမ်းဆီးခံ ထားရတဲ့ အလုပ်သမ ၂၇ ဦးကို ပြန်လွှတ်ပေးဖို့ အလုပ်သမားအဖွဲ့ ၄ ဖွဲ့က  ဒီနေ့ တောင်းဆိုလိုက် ပါတယ်။

ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုတာဖြစ် တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းက မမာမာဦးက ပြောပါတယ်။

"ကျမတို့က အကြမ်းဖက်ဖြိုခွင်းမှုအပေါ်မှာ လက်မခံဘူးဆိုတဲ့အကြောင်းတွေ ဒါကအလုပ်ရှင်၊ အလုပ်သမား ပြဿနာ ညှိနှိုင်းမှုတစ်ခုနဲ့တင် ပြေ လည်နိုင်အောင် ညှိနှိုင်းလို့ရတယ်၊ ဒီအပေါ်မှာ အကြမ်းဖက်ဖြိုခွင်းတာကို ကျမတို့ လက်မခံဘူး ၊ နောက်တစ်ချက်က သတင်းစာထဲမှာ သူတို့ကြေ ညာချက်ထဲမှာပါတဲ့ သူတို့ အလုပ်သမားဝန်ကြီးအနေနဲ့ပေါ့နော် အလုပ်သမားတွေက အကြမ်းဖက်တဲ့ နည်းကိုသုံးပြီးတော့ ဆူပူအုံကြွတဲ့နည်းကိုပြောတာဟာ ဒါလုံးဝလက်ခံနိုင်လို့မရဘူး၊ ဖြစ်လာတဲ့ အခြေအနေမှာပေါ့နော် ဥပဒေတွေအရ အရေးယူဆောင်ရွက်တဲ့ကိစ္စတွေမှာလည်း ကျမတို့ ကူညီဆောင်ရွက်ပေးဖို့ရာအတွက်ကတော့ ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးထားတာပဲရှိပါတယ်"

ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ ဆန္ဒပြအလုပ်သမားတွေကို ဆူပူအကြမ်းဖက်တဲ့ အလုပ်သမားတွေဆိုပြီး သုံးနှုန်းခေါ်ဆိုတာကို ကန့်ကွက်ကြောင်းလည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့နဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့တို့က ပူးတွဲကျင်းပတာဖြစ်ပါတယ်။

ဒီလ ၄ ရက်နေ့က ရွှေပြည်သာစက်မှုဇုန် အလုပ်သမားသပိတ်စခန်းကနေ ရန်ကုန်မြို့ထဲအထိ လမ်းလျှောက် ဆန္ဒပြတဲ့ အလုပ်သမား ၁ဝဝ ကျော်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် လူအတော်များများက ရိုက်နှက်ဖမ်းဆီးရာ အလုပ်သမ ၂၇ ယောက် ဖမ်းဆီးခံထားရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment