ကေအိုင်အို ခေါင်းဆောင်များ သမ္မတ၊ ကာချုပ်တို့နှင့် တွေ့မည်

မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲမှာ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော် နဲ့ မြောက်ပိုင်းတိုင်းစစ်ဌါနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နေပြည်တော်မှာ လာမယ့် မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ပထမဆုံး အကြိမ် တွေ့ဆုံကြမှာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ကေအိုင်အို ခေါင်းဆောင် ၂ဝ ကျော် တက်ရောက်မှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင် ဦးဆန်းအောင်က RFA ကို ပြောပါတယ်။

"ကေအိုင်အို ကိုယ်စားလှယ်လူကြီးတွေနဲ့ ဒီနိုင်ငံ အစိုးရလူကြီးတွေနဲ့ တပ်မတော်အကြီးအကဲတွေ ကပေါ့လေ တစ်ခါမှဒီလို ထိတွေ့ခြင်း တွေ့ဆုံတာ လည်းမရှိခဲ့ဖူးဘူး၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်အောင်ဆိုပြီးမှလည်း အရင်တုန်းက သဘော တူထားတာရှိပေမယ့် တိုက်ပွဲတွေကရှိနေတယ် ၊ ပြဿနာတွေလည်းရှိနေတဲ့အခါကျတော့ ဒီအခြေ အနေကို ကျော်လွှားနိုင်ဖို့အတွက်ဆိုပြီးမှ လူကြီးတွေနဲ့တွေ့ဖို့ဆိုပြီးမှ ကျနော်တို့သိရပါတယ် ခင်ဗျ၊ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာ လှဂျာတို့၊ ဒုဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ ပြီးရင်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ကေအိုင်အိုအဖွဲ့က အဖွဲ့ခေါင်းဆောင်ပေါ့ ဦးဆွန်းလုကန်တို့ ဦးဆောင်တဲ့ အဖွဲ့တွေအားလုံးက လူအယောက် ၂ဝ ကျော်ကျော်ပေါ့ တက်ရောက်မယ်လို့ ကျနော် သိရပါတယ်"

ကေအိုင်အိုခေါင်းဆောင်တွေနဲ့အတူ တအာင်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် TNLA/PSLF က ကိုယ်စားလှယ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော် ဆွေးနွေးပွဲအပြီးမှာ ကေအိုင်အိုခေါင်းဆောင်တွေဟာ လာမယ့် မတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment