အာဖဂန်ကြည်းတပ်၏ နှစ်ရက်တာ စစ်ဆင်မှုအတွင်း စစ်သွေးကြွ ၇၂ ဦးကို ချေမှုန်း


 ကဘူးလ် သြဂုတ် ၂၉

 အာဖဂန်နစ္စတန်ကြည်းတပ်ဖွဲ့များနှင့် လေကြောင်းပစ်ကူမှုများ ပူးပေါင်းစစ်ဆင်နွှဲမှုကြောင့် နှစ်ရက်တာကာလအတွင်း စစ်သွေးကြွအဖွဲ့ဝင် ၇၂ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့နံနက်ပိုင်းတွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ သီးခြားတည်ရှိနေသော ပြည်နယ်များ၌ အာဖဂန်နစ္စတန်အစိုးရ ကြည်းတပ်ဖွဲ့နှင့် လေတပ်ဖွဲ့များက အကြမ်းဖက်သမားများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို လွန်ခဲ့သည့် ၄၈ နာရီအတွင်းက ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမား ၇၂ ဦးကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၉ ဦးရှိကာ အခြားတစ်ဦးအား အာဖဂန်အစိုးရတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ယင်းစစ်ဆင်ရေး ဆင်နွှဲစဉ်အတွင်း အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များက စစ်သွေးကြွများလက်ဝယ်မှ မြေမြှုပ်မိုင်း အရေအတွက် ဒါဇင်များစွာနှင့် လမ်းဘေးထောင်ဗုံးများအပါအဝင် လက်နက်များစွာကို သိမ်းယူရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment