ဟာရီကိန်းကက်ထရီးနား ၁၀နှစ်ပြည့် အခမ်းအနားတွေ ကျင်းပနေ


ဟာ​ရီ​ကိန်း ​ကက်​ထ​ရီး​နား ​ကြောင့် ​လူ​ပေါင်း ၁၈၀၀ ​အ​သက် ​ဆုံး​ရှုံး​ခဲ့ ​ရ​ပြီး ​ပျက်​စီး ​ဆုံး​ရှုံး​မှု ​လည်း ​အင်​မ​တန် ​ကြီး​မား။ 
 ကက်ထရီးနား လို့ နာမည် ပေးထားတဲ့ ဟာရီကိန်း မုန်တိုင်း ဒဏ် ခံခဲ့ရတဲ့ ၁၀ နှစ်ပြည့် အခမ်းအနား တွေ ကို  အမေရိကန် ပြည်ထောင်စု New Orleans မြို့မှာ ကျင်းပ နေကြ ပါတယ်။

 ဟာရီကိန်း ကက်ထရီးနား ကြောင့် လူပေါင်း ၁၈၀၀ အသက် ဆုံးရှုံးခဲ့ ရပြီး ပျက်စီး ဆုံးရှုံးမှုလည်း အင်မတန် ကြီးမား ခဲ့ပါတယ်။

မုန်တိုင်း ကာလ တုန်းက New Orleans မြို့သူမြို့သား တွေ ဟာ တစ်ယောက်ကို တစ်ယောက် ဘယ်လို ကူညီ ထောက်ပံ့ ပြီး အပြန်အလှန် မှီခို အားထား ခဲ့ရတယ် ဆိုတဲ့ အကြောင်း တွေ ကို သေဆုံးသူတွေ အတွက် အမှတ်တရ ဝတ်ပြု ဆုတောင်းပွဲ မှာ မြို့တော်ဝန် Mitch Landrieu မစ်ခ်ျ လဲန်ဒရူး က ပြန်ပြောင်း ပြောဆိုခဲ့ ပါတယ်။

နောက်ပိုင်း ကျင်းပဖို့ ရှိတဲ့ ဂီတပွဲ ကို သမ္မတ ဟောင်း ဘီလ်ကလင်တန် လည်း တက်ရောက် လာဖို့ ရှိပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး သဘာဝ ဘေးဒဏ် ထဲ တစ်ခုပါဝင် တဲ့ ဟာရီကိန်း ကက်ထရီးနား ဒဏ် ကို ခံခဲ့ ရပြီး ၁၀ နှစ်တာ ကာလ အတွင်းမှာ New Orleans မြို့ ကြီး ဟာ ပြန်လည် နလံထူ ထမတ် လာပေမယ့်၊ တချို့သော လူမည်း အသိုင်းအဝိုင်း တွေ ထဲ မှာတော့ သူတို့ဟာ လျစ်လျူရှု ပစ်ပယ် ခံထားရတယ် လို့ ယူဆ နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment