ဝန်ကြီးချုပ်နာဂျစ် နှုတ်ထွက်ပေးဖို့ ဒုတိယနေ့အဖြစ် တောင်းဆို


 နိုင်ငံတော် ဘဏ္ဍာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ကို သူ့ရဲ့ဘဏ်ထဲ လွှဲပြောင်းယူခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် နှုတ်ထွက်ပေးဖို့အတွက် ကွာလာလမ်ပူမြို့မှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ဆက်လက် တောင်းဆို ကြပါတယ်။

မနေ့က ဆန္ဒပြပွဲဟာ အေးချမ်းစွာပြီးဆုံးသွားပြီး ဆန္ဒပြတောင်းဆိုသူ အများအပြားဟာ ကွာလာလမ်ပူမြို့လယ်မှာ ညအိပ်ကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေ ဖြစ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ သန့်ရှင်းခြင်းလို့ အမည်ရတဲ့ အဝါရောင်ဝတ်အဖွဲ့က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။ လေ့လာသူတွေအဆိုအရ ဒီဆန္ဒပြပွဲကြောင့် ဝန်ကြီးချုပ်ရာဇတ်ရဲ့ ရာထူးကို ထိခိုက်ဖွယ်မရှိနိုင်ဘူးလို့ ပြောနေကြပါတယ်။

သူတို့ရဲ့လှုပ်ရှားမှုကို မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာက ထောက်ခံလိုက်တယ်လို့လည်း နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ဓါတ်ပုံ - AFP
RFA Burmese
https://www.facebook.com/pages/RFA-Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment