စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ ISIS စစ်သားတွေကို ဆီးရီးယား သူပုန်တွေက ဂျစ်ကားမှာ ကြိုးနဲ့ချည်ပြီး တရွတ်တိုက်ဆွဲ


 အထက်ပါ ဗီဒီယို ဟာ တိုက်ပွဲမှာ ကျရှုံး သေဆုံး သွားတဲ့ ISIS စစ်သား တွေကို ဆီးရီးယား သူပုန်တွေက ဂျစ်ကား မှာ ကြိုးနဲ့ ချည်ပြီး လမ်းတစ်လျှောက် တရွတ် တိုက် သယ်ဆောင်သွားတဲ့ ဗီဒီယို ပဲ ဖြစ်ပါတယ်။

ထို ဗီဒီယို ကိုတော့ ဆီးရီးယားနိုင်ငံ Mara ဒေသ မှာ ရိုက်ကူးထားတာဖြစ်ပြီး ထို ဒေသမှာတော့ သူပုန်တွေဟာ IS စစ်သားတွေကို တိုက်ခိုက်မှု တွေ ပြုလုပ်နေကြပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ် တစ်ခုရဲ့ နောက်ကွယ် ခံစားချက်တွေနဲ့ ရှင်သန်နိုင်မှု ရဲ့ ခွန်အားတွေ ဖြစ်လာစေဖို့ ဆီးရီးယားတွေဟာ တိုက်ပွဲမှာ ကျရှုံးသေဆုံးသွားတဲ့ ရဲဘော်တွေကို ဆီးရီးယား စစ်သားတွေက သူတို့ရဲ့ ဂျစ်ကား မှာ ကြိုးချည်ပြီး တရွတ်တိုက်ဆွဲ ခေါ်သွားခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

ထို ဗီဒီယိုကိုတော့ Volkskrant ဆိုတဲ့ ဟော်လန် သတင်းစာ မှာ အလုပ်လုပ်တဲ့ ဟော်လန် နိုင်ငံ သား ဂျာနယ်လစ် တစ်ယောက်ဖြစ်တဲ့ Sakir Khader က ရိုက်ကူးထားတာ ဖြစ်ပြီး Mr Khader ဟာ ဆီးရီးယား နိုင်ငံ မှာ ISIS နဲ့ ဆီးရီးယား သူပုန် တွေကြားက စစ်ပွဲတွေ ကြောင့် ပြိုကြသွားတဲ့ အဆောက်အဦးတွေ အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယို ကိုလည်း Twitter မှာ တင်ထားပြီး စစ်ပွဲကြားက လူ့အဖွဲ့အစည်းတွေရဲ့ ဒုက္ခကိုလည်း တင်ပြထားပါသေးတယ်။

ထို သတင်းထောက်ကပဲ နောက်တစ်ကြိမ် ထပ်မံ တင်ထားတဲ့ ဗီဒီယို ဖိုင်မှာတော့ IS အစွန်းရောက် တိုက်ခိုက်ရေးသမား တစ်ဦး ရဲ့ ဓါးကို တစ်စုံတစ်ယောက်က ယူပြီး ထို IS စစ်သား ကို ခေါင်းဖြတ်ဖို့ ကြိုးစားနေတဲ့ ဗီဒီယို တစ်ခုပါ။ ထို ဗီဒီယို ကတော့ ISIS စစ်သားတွေ Baalshamin ဘုရားကျောင်းလို့ ခေါ်တဲ့ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အဦး တစ်ခုကို တိုက်ခိုက်ပြီးတဲ့နောက်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ထို ဘုရားကျောင်း တည်ရှိတဲ့ ဆီးရီးယား နိုင်ငံ ၊ Palmyr မြို့ ဟာ ISIS စစ်တပ်ရဲ့ အုပ်ချုပ်မှု အောက်ကို မေလ မှာ စတင်ကျရောက်သွားတာဖြစ်ပြီး Palmyr မြို့ဟာ ဂရိ နဲ့ ရိုမန် သမိုင်းကြောင်းတွေ အရ နာမည်ကြီးတဲ့ အတွက် Unesco ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်းခံထားရတဲ့ မြို့တော် ပဲ ဖြစ်ပါတယ်။

ထို Baalshamin ဘုရားကျောင်းကို တည်ဆောက်ထားခဲ့တာကတော့ နှစ်ပေါင်း ၂၀၀၀ ခန့် ရှိနေပြီ လို့လည်း ခန့်မှန်းရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
http://knowledge.thithtoolwin.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment