ခေါင်းကနေ ဦးချိုတစ်ခု ထူးဆန်းစွာ ထွက်လာတဲ့ Unicorn အမျိုးသမီး


အသက်ကြီးနေပြီဖြစ်တဲ့ အမျိုးသမီး တစ်ဦးဟာ Unicorn လို့ခေါ်တဲ့ ဦးချိုတစ်ခုတည်းသာ ရှိတဲ့ ဒဏ္ဍာရီထဲက မြင်းသတ္တ၀ါတစ်မျိုးလို  သူမရဲ့ ဦးခေါင်းကနေ ဦးချိုတစ်ခု ထွက်ပေါ်နေတာကို ဆရာဝန် တွေ တွေ့ရှိခဲ့ကြပါတယ်။

ထို အမျိုးသမီးဟာ သူမနေထိုင်တဲ့ရွာမှာ သူမရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်ပေါ်လာမှု ကြီး သူမရဲက ခေါင်းတည့်တည့်မှာ ရောက်လာပြီးကတည်းက Unicorn အမျိုးသမီး အဖြစ် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။

သူမရဲ့ ဦးချိုဟာ ၁၃ စင်တီမီတာ အရှည်ရှိနေတဲ့အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေကိုယ်တိုင်လည်း ဘာဆက်လုပ်ပေးရမယ်မှန်းမသိ ဖြစ်ခဲ့ကြပါတယ်။

အသက် ၈၇ နှစ်ရှိနေပြီဖြစ်တဲ့ Liang Xiuzhen ဆိုသူ ထို အမျိုးသမီးဟာ တရုတ်ပြည်နယ် အနောက်တောင်ပိုင်း က Sichuan ဒေသ မှာ ရှိတဲ့ Ziyang မြို့တော် ရဲ့ Guiyan Village ရွာသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမရဲ့ သားဖြစ်သူ Wang Chaojun က ပြောပြခဲ့တာကတော့ သူ့ရဲ့ မိခင်ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက နဖူးတည့်တည့်မှာ မှဲ့အနက်ရောင် တစ်လုံး ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။ "ကျွန်တော့်အမေက သူမရဲ့ နဖူးမှာ ရှိတဲ့ မှဲ့ဟာ တစ်ဖြည်းဖြည်း ကြီးထွားလာပြီး အချိန်တိုင်းယားယံ နေတယ်လို့ ပြောပြပါတယ်။ ကျွန်တော်တို့လည်း သူမရဲ့ ယားယံနေမှုကို ကုသဖို့ တရုတ်ရိုးရာ ဆေးဝါး တွေ ရှာဖွေခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီ အတိုင်းပါပဲ။ဘာမှ မထူးခဲ့ပါဘူး" လို့ ဆိုပါတယ်။

အဲဒီနောက် လွန်ခဲ့တဲ့ ၂ နှစ်ခန့်က စတင်ပြီး ထို မှဲ့လေးဟာ လက်ချောင်း တစ်ချောင်းရဲ့ အရွယ်အစား ရှိတဲ့ ဦးချို အဖြစ် ကြီးထွားလာခဲ့ရာကနေ ပုံပါ အတိုင်းတစ်ဖြည်းဖြည်း ကြီးထွားလာတာ ပဲ ဖြစ်ပါတယ်။ ထို ဦးချိုဟာ သူမကို အချိန်တိုင်းနာကျင်စေတဲ့အတွက် သူမအနေနဲ့ အိပ်မပျော် နိုင် ဖြစ်နေရတယ်လို့လည်း သူမရဲ့ သားက ဆိုပါတယ်။

Sichuam မှာ ရှိတဲ့ ဆရာဝန်တွေကတော့ သူမဟာ အရေပြားဆိုင်ရာ အသားပိုထွက်တဲ့ ရောဂါ တစ်မျိုးကို ခံစားနေရတာဖြစ်ပြီး ထို ဦးချို ပုံစံ အသားပိုဟာ တစ်ဖြည်းဖြည်း ကြီးထွားလာနိုင်ချေရှိတယ်လို့ သိရပါတယ်။ ဆရာဝန်တွေကတော့ သူမ ရဲ့ အသားပိုကို ခွဲစိတ်ဖယ်ရှားပေးချင်ပေမယ့် သူမရဲ့ အသက်အရွယ်ဟာ ခွဲစိတ်မှု ဒဏ်တွေကို မခံနိုင်မှာ စိုးရိမ်နေရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
http://knowledge.thithtoolwin.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment