မန်စီးတီး ကွင်းလယ်ကစားသမား ယာယာတိုရေးက မိမိသည် အသက်(၂၀) အရွယ်ကဲ့သို့ ခံစားမိသောကြောင့် အသင်းအတွက် ပွဲတိုင်း ပါဝင်ကစားပေးလိုကြောင်း ဟြေကြားခဲ့သည်။ ယာယာတိုရေးသည် အသက် (၃၂) နှစ် ရှိပြီဖြစ်သော်လည်း အကောင်းဆုံး ပါဝင်ကစားနိုင်သည့် စွမ်းရည် ပိုင်ဆိုင်ထားသောကြောင့် ယခုကဲ့သို့ ဆိုခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးသည် ပြီးခဲ့သည့်ရာသီက ဆုဖလား လက်မဲ့ ဖြစ်ခဲ့သောကြောင့် ယာယာတိုရေးက ယခုရာသီတွင် ပွဲတိုင်း ပါဝင်ကစားပြီး အောင်မြင်မှုရယူရန် ဆန္ဒရှိနေသည်။ ယာယာတိုရေးက မိမိသည် အသက် (၂၀) အရွယ်ကဲ့သို့ ခံစားမိသောကြောင့် ပွဲတိုင်းပါဝင် ကစားလိုကြောင်း၊ မိမိ အနေဖြင့် အသင်းအတွက်၊ ပရိသတ် အတွက် နောက်ဆုံးအချိန်အထိ အကောင်းဆုံး ကစားပေးမည် ဖြစ်ကြောင်း ဟြေကြားခဲ့သည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment