တော့တင်ဟမ်အသင်း နောက်ခံကစားသမား ဗာတွန်ဂန်က လန်ဒန်ဒါဘီပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည့် အာဆင်နယ်နှင့် ကက်ပီတယ်ဝမ်းဖလား တတိယအဆင့် ပွဲစဉ်တွင် အနိုင်ရယူသွားမည် ဖြစ်ကြောင်း ဟြေကြားခဲ့သည်။ တော့တင်ဟမ် အသင်းသည် ပြီးခဲ့သည့် (၂) ပွဲဆက် အနိုင်ရရှိထားသောကြောင့် ရလဒ်ကောင်း ဆက်ထိန်းရန် အာဆင်နယ်ကို အနိုင်ကစားသွားမည်ဟု ဗာတွန်ဂန်က မျှော်လင့်နေခြင်း ဖြစ်သည်။
တော့တင်ဟမ်အသင်းသည် ရာသီအစတွင် ရုန်းကန်ခဲ့ရသော်လည်း နောက်ဆုံး (၂) ပွဲတွင် ကွာရာဘတ်နှင့် ခရစ္စတယ်ပဲ့လေ့စ်တို့ကို အနိုင်ရအောင် ကစားခဲ့ခြင်းဖြစ်သည်။ ဗာတွန်ဂန်က အာဆင်နယ်နှင့် ပွဲသည် အလွန်အရေးကြီးသည့် ပွဲဖြစ်ကြောင်း၊ ယင်းပွဲတွင် အနိုင်ရထားမှ လာမည့် ပွဲကျပ်ကာလကို အကောင်းဆုံး ဖြတ်သန်းနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့သည် မန်စီးတီး၊ လီဗာပူးလ် စသည့်အသင်းများနှင့် ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ ပုံစံကောင်းကို ထိန်းသိမ်းရန် အတွက် အာဆင်နယ်နှင့် ပွဲသည် အရေးကြီးကြောင်း ဟြေကြားခဲ့သည်။
Source.....http://www.messengernewsjournal.com/
0 comments:
Post a Comment