တော့တင်ဟမ်နှင့်ပွဲတွင် ဂီရော့ဒ်ကို အာဆင်နယ်အသင်း ပွဲထုတ်မည်

 



အာဆင်နယ်အသင်းသည် ယနေ့ (ဗုဒ္ဓဟူး)တွင် ကစားရမည့်  တော့တင်ဟမ်နှင့် ကက်ပီတယ်ဝမ်းဖလား တတိယအဆင့် ပွဲစဉ်တွင် ပြင်သစ် တိုက်စစ်မှူး ဂီရော့ဒ်ကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားဖွယ်ရှိကြောင်း သိရသည်။                အာဆင်နယ်အသင်းသည် ကက်ပီတယ်ဝမ်း ဖလားတွင် လူငယ်ကစားသမားများကိုသာ ဦးစားပေးလေ့ ရှိသော်လည်း  ယင်းဖလားကို ရယူရန် ရည်မှန်းထားသောကြောင့် အဓိက ကစားသမားများကို ပွဲထုတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဂီရော့ဒ်သည် အာဆင်နယ် အသင်းတွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ချဲလ်ဆီးကို ရှုံးနိမ့်သည့် ပွဲစဉ်တွင်လည်း ပွဲထွက်စာရင်းတွင် ပါဝင်ခွင့် မရခဲ့ကြောင်း သိရသည်။ တော့တင်ဟမ်နှင့်ပွဲတွင် အာဆင်နယ် အသင်း၌ အော့စပီနာ၊ ဒီဘူချီ၊ ချမ်ဘာ၊ အာတီတာ၊ ချိမ်ဘာလိန် စသည့် ကစားသမားများကို အသုံးပြုသွားဖွယ် ရှိကြောင်း သိရသည်။

Source......http://www.messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment