အာဆင်နယ် ကစားသမားများကို မော်ရင်ညို ချီးကျူး

 



ချဲလ်ဆီးအသင်း နည်းပြ မော်ရင်ညိုသည် အာဆင်နယ် ကစားသမားများ၏ စွမ်းဆောင်ရည်ကို နှစ်သက်မှုရှိကြောင်း၊ မိမိအနေဖြင့် အာဆင်နယ် ကစားသမားများအားလုံးကို ခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။ မော်ရင်ညိုနှင့် အာဆင်နယ် အသင်းနည်းပြ ၀င်းဂါးတို့သည် အငြင်းပွားဖွယ်ရာ ပြောစကားများကြောင့် မကြာခဏ ပြဿနာများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ်တွင် နှုတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။  ယင်းနောက် ချဲလ်ဆီးက အာဆင်နယ်ကို (၂-၀) ဂိုးဖြင့် အနိုင်ရပြီးနောက် မော်ရင်ညိုက ၀င်ဂါးကို ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယခုအခါ မော်ရင်ညိုက အာဆင်နယ် ကစားသမားများကို ချီးကျူးခဲ့သဖြင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
      မော်ရင်ညိုက အာဆင်နယ်အသင်းသည် အကောင်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားသော်လည်း မည်သည့် အတွက်ကြောင့် ချန်ပီယံဆုနှင့် ဝေးကွာနေသည်ကို နားမလည်မိကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ၂၀၀၄ နောက်ပိုင်းမှ စတင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် ဝေးကွာနေခြင်း ဖြစ်သည်။ မော်ရင်ညိုက အာဆင်နယ် ကစားသမားတိုင်း၏ ခြေစွမ်းကို နှစ်သက်ကြောင်း၊  မိမိသည် အာဆင်နယ် အသင်းမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် ကစားသမားကို ခေါ်ယူလိုသော်လည်း မဖြစ်မြောက်ခဲ့ခြင်း၊ အာဆင်နယ်အသင်းမှ ကစားသမားတိုင်းကို ခေါ်ယူလိုကြောင်း၊  မိမိအမြင်အရ အာဆင်နယ်၏ စုဖွဲ့မှုသည် ချန်ပီယံဆု ရရှိနိုင်ကြောင်း၊ ရာသီတိုင်းတွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment