ရွန်နီလစာ နှစ်ဆပိုရခြင်းကို ကန့်ကွက်ခဲ့ကြောင်း ဖာဂူဆန်ဆို




မန်ယူအသင်း နည်းပြဟောင်း ဖာဂူဆန်က မိမိထက်ရွန်နီ လုပ်ခလစာ နှစ်ဆပိုရခြင်းကို ကန့်ကွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဖာဂူဆန်သည် မန်ယူအသင်းကို ကိုင်တွယ်စဉ်က ကြုံတွေခဲ့သည်များကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ရာ ယင်းစာအုပ်ထဲတွင် ရွန်နီအနေဖြင့် နည်းပြတစ်ဦးထက် လုပ်ခလစာ နှစ်ဆပိုရခြင်းကို မကျေနပ်ခဲ့သဖြင့် ဖြစ်ရပ်မှန်များကို ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်။
      ၂၀၁၀တွင် မန်ယူအသင်း တာဝန်ရှိသူများသည် ရွန်းနီ၏ လစာကို တစ်ပတ်ပေါင် (၂၀၀၀၀၀) ပေးကာ ငါးနှစ်သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ယင်းကို ဖာဂူဆန်က သိရှိခဲ့ပြီးနောက် မကျေမနပ်ဖြစ်ကာ ကန့်ကွက်ခဲ့သည်။ ဖာဂူဆန်က မည်သည့် ကစားသမားမှ မိမိထက် လစာပိုမိုရရှိနေခြင်းကို မလိုလားကြောင်း အသင်းတာဝန် ရှိသူများကို ပြောကြားခဲ့သည်။
      ဖာဂူဆန်က ဂလေဇာမိသားစုနှင့် အမှုဆောင်ချုပ် ဒေးဗစ်ဂီလ်တို့သည် ရွန်နီနှင့် စာချုပ်သစ်ချုပ်ရန် သဘောတူညီခဲ့ပြီ ဖြစ်ကြောင်း မိမိကိုလာရောက် ပြောဆိုခဲ့ကြောင်း၊ တစ်ချိန်တည်းမှာ မိမိ၏ သဘောထားကို မေးခဲ့ကြောင်း၊ မိမိကလည်း မိမိထက် လုပ်ခလစာ နှစ်ဆများနေသည်ကို မကျေနပ်ကြောင်း၊ မည်သည့်ကစားသမားမှ မိမိထက် လုပ်ခလစာများသည်ကို မနှစ်သက်ကြောင်း၊ ယင်းနောက်  မိမိတို့ ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ရခဲ့ကြောင်း ပြောကြားခဲ့သည်။
      ဖာဂူဆန်က အနားယူခဲ့ပြီးနောက် အဲဗာတန် နည်းပြပောာင်း မိုယက်စ်ကို မန်ယူအသင်း နည်းပြအဖြစ် ခန့်အပ်ရန် ထောက်ခံမှုကို နောင်တမရကြောင်း ပြောကြားခဲ့သည်။ မိုယက်စ် လက်ထက်တွင် မန်ယူအသင်းသည် ရုန်းကန်ခဲ့ရပြီး ဥရောပ ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ခဲ့သောကြောင့် ရာသီမကုန်မီကတည်းက ထုတ်ပယ်ခံရသည်။ ဖာဂူဆန်က မိုယက်စ်သည် အတွေ့အကြုံရှိပြီး အဲဗာတန် ကို (၁၁) နှစ်ကြာ ကိုင်တွယ်ခဲ့ကြောင်း၊ ကံမကောင်းသောကြောင့် မန်ယူ အသင်းတွင် ရလဒ်ဆိုးရွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။  မန်ယူ အသင်းသည် မိုယက်စ်ကို (၆) နှစ် စာချုပ်ခဲ့သော်လည်း (၁၀) လသာ ကိုင်တွယ်ခွင့်ရခဲ့သည်။

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment