မန်ယူအသင်း ကွင်းလယ်ကစားသမား မာတာက ဆောက်သမ်တန်ကို ( ၂-၃) ဂိုးဖြင့် အနိုင်ရသောပွဲသည် ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူရမည့် နောက်ခံလူ လုခ်ရှောအတွက် ရည်ရွယ်သည့် ပွဲဖြစ်ကြောင်း ဟြေကြားခဲ့သည်။ လုခ်ရှောသည် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်သော ပီအက်စ်ဗွီကို (၂-၁)ဂိုးဖြင့် ရှုံးနိမ့်သောပွဲတွင် ပြိုင်ဘက်အသင်း နောက်ခံ ကစားသမား မိုရီနို၏ ဖျက်ထုတ်မှုကြောင့် ခြေထောက် ကျိုးသွားခဲ့သဖြင့် ခြောက်လအနည်းဆုံး အနားယူရမည် ဖြစ်သည်။ မာတာသည် ဆောက်သမ်တန်ကို အနိုင်ရသည့်ပွဲတွင် မန်ယူအတွက် တတိယမြောက် အနိုင်ဂိုးသွင်း ယူပေးခဲ့သည်။
မာတာက မိမိတို့သည် လုခ်ရှောအတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ကံမကောင်းသောကြောင့် ယခုကဲ့သို့ ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ ယခုနိုင်ပွဲသည် လုခ်ရှောအတွက် ရည်ရွယ်သည့် ပွဲတစ်ပွဲဖြစ်ကြောင်း ဟြေကြားခဲ့သည်။ ထို့အပြင် မာတာက မိမိတို့သည် ဆောက်သမ်တန်ကို ခက်ခဲစွာ ကစားခဲ့ရကြောင်း၊ ပထမပိုင်း မိနစ် (၃၀) တွင် ကစားပုံ ဆိုးရွားခဲ့သော်လည်း နောက်ပိုင်းတွင် ပွဲကို ပြန်လည်စိုးမိုးနိုင်ခဲ့ကြောင်း၊ ဒုတိယပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှုကို အဓိကထားပြီး ဂိုးများဆက်တိုက် သွင်းယူနိုင်ခဲ့ခြင်းကြောင့် ကျေနပ်မိကြောင်း၊ မိမိအနေဖြင့် ဒီပေး၏ ကန်သွင်းချက်မှ ပြန်ထွက်လာသည်ကို ဂိုးရအောင်သွင်း နိုင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒီပေးကို ကျေးဇူးတင်ကြောင်း ဟြေကြားခဲ့သည်။
Source...http://www.messengernewsjournal.com
0 comments:
Post a Comment