ပိုကောင်းအောင် ကြိုးစားမည်ဟု ဆွန်ဟောင်မင်းဆို




 နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပိုမိုကောင်းမွန်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း တော့တင်ဟမ် အသင်း၏ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်းက ဟြေကြားခဲ့သည်။ လေဗာကူဆင်မှ ပေါင် ( ၂၂) သန်းဖြင့် ရောက်ရှိလာသော ဆွန်ဟောင်မင်းသည် တော့တင်ဟမ်၏ အရေးပါသည့် ကစားသမားဖြစ်လာပြီး ကွာရာဘတ်ကို အနိုင်ရသည့် ယူရိုပါလိဂ်ပွဲ၊ ခရစ္စတယ်ပဲ့လေ့စ်ကို အနိုင်ရသည့် ပရီးမီးယားလိဂ် ပွဲများတွင် အနိုင်ဂိုးများ သွင်းယူပေးခဲ့သည်။ ဆွန်ဟောင်မင်းသည် ခရစ္စတယ်ပဲ့လေ့စ်နှင့် ပွဲစဉ်တွင် တော့တင်ဟမ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဆွန်ဟောင်မင်းသည် နောက်ဆုံးနှစ်ပွဲဆက်တွင် သုံးဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။
      ဆွန်ဟောင်မင်းက မိမိအနေဖြင့် ပရီးမီးယားလိဂ်တွင် အသားမကျသေးကြောင်း၊ အကောင်းဆုံး ခြေစွမ်းပြသနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း၊ မိမိအတွက် ငွေကြေးများစွာ အသုံးပြုထားခြင်းကြောင့် ပြန်လည် ပေးဆပ်ရမည်ကို သိရှိထားကြောင်း၊ အာဆင်နယ်နှင့် ကစားရမည့် လိဂ်ဖလား တတိယအဆင့် ပွဲစဉ်အတွက် စိတ်လှုပ်ရှားမိကြောင်း ဟြေကြားခဲ့သည်။ တော့တင်ဟမ်နှင့် အာဆင်နယ်တို့သည် ဗုဒ္ဓဟူးတွင် လန်ဒန်ဒါဘီအဖြစ် တွေ့ဆုံ ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment