နောရစ်ခ်ျကို (၁-၁)ဂိုး သရေကျပြီးနောက် အိမ်ကွင်းခြေစွမ်း ပိုမိုတိုးတက်ရန် ကြိုးစားသွားရမည် ဖြစ်ကြောင်း လီဗာပူးလ် အသင်းနည်းပြ ဘရန်ဒန်ရော်ဂျားစ်က သတိပေးစကား ဟြေကြားခဲ့သည်။ လီဗာပူးလ်အသင်းသည် ဒန်နီအင့်စ်၏ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့သော်လည်း ဂိုးသမား မစ်ဂ်နိုလက်အမှားကြောင့် မာတင်က နောရစ်ခ်ျအတွက် ချေပဂိုး ပြန်သွင်းယူခဲ့သည်။ လီဗာပူးလ်အသင်းသည် အိမ်ကွင်းတွင် နှစ်ပွဲဆက် ရလဒ်ဆိုးရွားခဲ့ခြင်း ဖြစ် ပြီး၊ ယခုပွဲမတိုင်မီတွင်လည်း ၀က်စ်ဟမ်းကို ( ၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ လီဗာပူးလ်သည် ရလဒ်ဆိုးရွားမှုကြောင့် ပရီးမီးယားတွင် အဆင့် ( ၁၃) နေရာတွင် ရပ်တည်လျက်ရှိသည်။
ရော်ဂျားစ်က မိမိတို့၏ အိမ်ကွင်း ကစားပုံသည် အကောင်းဆုံးပုံစံတွင် မရှိကြောင်း၊ လီဗာပူးလ်၏ အိမ်ကွင်း အန်ဖီးလ်သည် အစဉ်အလာ ကြီးမားသော ကွင်းဖြစ်ပြီး၊ ရလဒ်ကောင်းများ ရရှိရန် ရဲဝံ့စွာ ကစားသွားရမည် ဖြစ်ကြောင်း၊ မိမိတို့အသင်း၏ အိမ်ကွင်းရလဒ်များနှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်မိကြောင်း၊ မိမိတို့သည် ရလဒ်များ ကောင်းမွန်ရန် ကြိုးစားသွားရမည် ဖြစ်ကြောင်း ဟြေကြားခဲ့သည်။ လီဗာပူးလ် ပရိသတ်များသည် ရလဒ်များ ဆိုးရွားမှုကို မကျေမနပ်ဖြစ်ခဲ့ပြီး ရော်ဂျားစ်ကို ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
Source...http://www.messengernewsjournal.com
0 comments:
Post a Comment