မြောက်ဥက္ကလာပ မီးလောင်မှုဖြစ်ပွား


 မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၁၆

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နံနက် ၁နာရီ ၁၅ မိနစ် အချိန် မြောက်ဥက္ကလာပ မြို့နယ် (ဋ)ရပ်ကွက်၊ ဏ္ဍန္ဒာ (၁၁)လမ်း၊ အမှတ်(၉၃၄)နေ အိမ်ရှင် ဦးမောင်မောင်ကြည် (ခ)ဦးမောင်မောင်ယဉ်အေး၏ သားဖြစ်သူ ဝေလင်း ထွန်း (၃၀)နှစ် အား နေအိမ်တွင်း တစ်ဦးတည်း သော့ခတ်ထား စဉ် ဝေလင်းထွန်းမှ စိတ်ဖောက်ပြန်ပြီး ၎င်း၏ အိမ်ခန်းအား မီးရှို့ရာမှ စတင် လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


မီးလောင်မှုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိုင်းဝေမိုး ဦးစီး၍ သန္ဓေ တပ်ဖွဲ့ဝင်(၈၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၂၀)ဦး ခန့်ဖြင့် ငြိမ်းသတ်ရာ နံနက် ၁ နာရီခွဲအချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း၊ မီးလောင်ရာသို့ အုပ်ချုပ်မှု ယာဉ်(၄)စီး၊ အထောက် အကူပြု ယာဉ်(၂)စီး၊ မီးသတ် ယာဉ်(၂၅)စီး လာရောက် မီးငြိမ်းသတ်ခဲ့ပြီး ဌာနချုပ်ညွှန်ကြားရေးမှူး ဦးကျော်သူရ၊ တိုင်းမီးသတ်ဦးစီးမှူး ဦးသော်ဒါ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများမှ လာရောက်ကြီးကြပ်ခဲ့ရာ မီးလောင် မှုကြောင့် သွပ်မိုးပျဉ်ကာ ပေ၂၀ နေအိမ်တစ်လုံး၊ သွပ်မိုးအုပ်ကာ ပေ၂၀ နေအိမ် တစ်လုံး၊ သွပ်မိုးပျဉ်ကာ ၁၀ ပေ အိမ်(၂)လုံး စုစုပေါင်း အိမ်(၄)လုံး ဆုံးရှုံး ခဲ့ပြီး ဝေလင်းထွန်းမှာ မီးလောင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment