ဝိညာဉ်နှင့် တူနေသော ကြော်ငြာ

တရုတ်နိုင်ငံ၊ Dongguan မြို့တွင်ရှိသော ကြော်ငြာသည် စိတ်ခြောက်ခြားစရာ ကောင်းနေသောကြောင့် ဝေဖန်မူများနှင့် ရင်ဆိုင်ခဲ့ရပြီး ကြော်ငြာပုံစံကိုပါ ပြောင်းလဲပေးခဲ့ရကြောင်း သိရသည်။ လမ်းမအလယ်တွင် အမျိုးသမီးတစ်ဦး ရပ်နေခြင်းပုံစံ ကြော်ငြာထားခြင်း ဖြစ်သည်။ ဒေသတွင်းရှိ အ၀တ်အထည် ကုမ္ပဏီက ကြော်ငြာခဲ့ခြင်း ဖြစ်သည်။ ယင်းကြော်ငြာတွင် အမျိုးသမီးသည် အဖြူရောင်ကို ၀တ်ဆင်ထားခြင်း ဖြစ်သည်။


      နေ့လယ်ဘက်တွင် သာမန်ကြော်ငြာသာ ဖြစ်သော်လည်း  ညပိုင်းသို့ ရောက်သောအခါ  မီးရောင်ကြောင့် တစ်မျိုး ပြောင်းခဲ့သည်။ ညဘက်အချိန်တွင် အမျိုးသမီးသည် ၀ိညာဉ်ပုံစံနှင့် တူနေသည်။ အဖြူရောင် ၀တ်ပြီးရှည်လျားသည့် ဆံပင်ကြောင့် ထိတ်လန့်စရာ ဖြစ်ခဲ့သည်။ ယင်းကြော်ငြာကြောင့် ကားသမားများသည် ညဘက်တွင် သရဲခြောက်သလို ခံစားနေရပြီး ၀ိညာဉ်များ လိုက်လာသည်ပာု ယူဆနေကြသည်။
      ထို့ကြောင့် ဝေဖန်ခဲ့ကြရာ ကြော်ငြာတွင်ပါဝင်သည် အဖြူရောင်ဝတ်စုံကို အနီရောင်သို့ ပြောင်းလဲပေးမည် ဖြစ်ကြောင်း သိရသည်။
The Messenger

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment