ဦးခေါင်းနှင့် အမြီးများ လှုပ်ရှားနေသည်ကို မြင်တွေ့ရမည့် ငါးဟင်းလျာ



စားသောက်ဆိုင်သို့ သွားပြီး ငါးဟင်းလျာကို မှာယူသည့်အခါ အဆိုပါ ငါးအနေဖြင့် အမြီးနှင့် ဦးခေါင်းလှုပ်နေပါက စိုးရိမ်စရာ မလိုကြောင်း ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။

 စားသုံးမည့် ဟင်းလျာက ပန်းကန်ပြားပေါ်တွင် လှုပ်နေပြီး တူဖြင့် ထိုးပါက လှုပ်ခါမှုကို ပိုမိုဆိုးရွားသွားမည် ဖြစ်သည်။ စားသုံးသူများ အံ့အားသင့်သွားအောင် တမင် ဖန်တီးထားခြင်း ဖြစ်သည်။ ယင်းဟင်းလျာကို တရုတ်နိုင်ငံရှိ ဂွမ်ဒေါင်ပြည်နယ်တွင် ရရှိမည်ဖြစ်သည်။ ဆူရှီမီဟုခေါ်သည့်ငါးကို အစိမ်းနည်းပါး ဖြစ်အောင် ပြုလုပ်စားသုံးရသည့် ဟင်းလျာတွင် အခြားအရွက်များကိုလည်း ထည့်သွင်းထားသည်။

 ငါးကို တူဖြင့်ထိုးပြီး စားပါက ပန်ကန်းပြားပေါ်တွင် လှုပ်နေသည်ကို ထင်ရှားစွာ မြင်နေရမည် ဖြစ်သည်။ ထို့ပြင် ငါးဟင်းကို ချက်ရာတွင်လည်း ဦးခေါင်းကို လှုပ်ရှားအောင် ပြုလုပ်ထားကြသည်။ ယင်းမှာ ငါးကို မချက်ပြုတ်မီ ကိုင်တွယ် ခုတ်ထစ်ရာတွင် အာရုံကြောများကို ရှင်းထုတ်ခြင်း မပြုဘဲ ထားရှိခဲ့သောကြောင့် ဖြစ်သည်။  ငါးမှာ အသက် သေသွားပြီ ဖြစ်သော်လည်း အကြောများကြောင့် လှုပ်ခါနေခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို တွေ့မြင်ဖူးကြမည် ဖြစ်သည်။

 ငါးအရှင်ကို စားသုံးခါနီးမှ ခုတ်ထစ်ပြီး အာရုံကြောတွေကို ရှင်းလင်းခြင်း မရှိသောကြောင့် ဦးခေါင်းနှင့် အမြီးတို့ လှုပ်ရှားနေခြင်းကို အချိန်အနည်းငယ် မြင်တွေ့ရအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယင်းကို ဗီဒီယို ရိုက်ကူးပြီး အင်တာနက်ပေါ်တွင် ပြသခဲ့ရာ စိတ်ဝင်တစား ကြည့်ရှုသူ အများအပြား ရှိခဲ့သည်။
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment