သတင်းစာကြီး ပြောင်းပြန် ဖတ်ပြခဲ့တဲ့ David Beckham

David Beckham  ဟာ သူ့ရဲ့ အရည်အချင်းကို ယှဉ်ပြိုင်နိုင်မယ့် သူမရှိဘူးဆိုတာကို သတင်းစာ ကြီး ပြောင်းပြန်ဖတ်ပြပြီး သက်သေပြလိုက်ပါတယ်။

အရင် အင်္ဂလန် အသင်းရဲ့ ခြေစွမ်းပြ ဘောလုံးသမား David Beckham ဟာ ပေါ်တူဂီ နိုင်ငံမှာ H&M အမှတ်တံဆိပ် အတွက် ကြော်ငြာ ရိုက်ကူးနေရင်းနဲ့ သူ့ ရဲ့ ပြောင်းပြန် စာဖတ်တဲ့ အခိုက်အတန့်ကို ဓါတ်ပုံ ရိုက်ယူလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

Beckham ဟာ Lisbon မြို့ ရဲ့ လမ်းတွေပေါ်မှာ ထို ကုမ္မဏီ က ထုတ်လုပ်တဲ့ ရေတပ် ဂျာကင် နဲ့ အဖြူရောင်တီရှပ်တို့ကို ၀တ်ဆင်ပြီး ဓါတ်ပုံထဲမှာ ပါလာခဲ့တာဖြစ်ပါတယ်။

လက်တလောမှာတော့ David Beckham နဲ့ ဇနီးသည် Victoria Beckham တို့ဟာ ဗြိတိန် နိုင်ငံ မြို့ပြင်တစ်နေရာက စတာလင်ပေါင် ၅.၄ သန်းတန် ခြံဝန်းတစ်ခုကို ၀ယ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ 

သူတို့ စုံတွဲဟာ Gloucestershire ဆိုတဲ့ မြို့မှာ မကြာခဏ တွေ့ရတတ်ပြီး ကောလဟာလ သတင်းတွေကတော့ သူတို့စုံတွဲဟာ ဘက်ကင်ဟမ် နန်းတော် အသစ်တစ်ခုကို ၀ယ်ယူဖို့ကြိုးစားနေတယ်ဆိုတာပါပဲ။ သူတို့ရဲ့ Hertfordshire မြို့ကနေအိမ်ကိုတော့ ဒေါ်လာ ၁၁.၅ သန်း နဲ့ ရောင်းချပြီးဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment